တိုက်တိုက်ဆိုင်ဆိုင် နှစ်သစ်ကူးနေ့မှာပဲ မြန်မာပြည်ရဲ့ ရှင်ဘုရင်မျိုးဆက်တစ်ဦး ကံတော်ကုန်လို့ ကွယ်လွန်ရှာပြီ
တိုက်တိုက်ဆိုင်ဆိုင် နှစ်သစ်ကူးနေ့မှာပဲ မြန်မာပြည်ရဲ့ ရှင်ဘုရင်မျိုးဆက်တစ်ဦး ကံတော်ကုန်လို့ ကွယ်လွန်ရှာပြီ သီပေါမင်းရဲ့ မြေးတော်ထိပ်စုဖုရားကြီး ကံတော်ကုန်ရှာ မန္တလေး ရတနာပုံမြို့တည်နန်းတည် မင်းတုန်းမင်းတရားကြီးနဲ့ အလယ်နန်းတော် ဆင်ဖြူမရှင် မိဘုရားကြီး တို့ရဲ့ မြစ်တော်၊ ရတနာပုံ ဒုတိယနန်းစံမင်း သီပေါဘုန်းတော်ကြီးဘုရားနဲ့ အရှင်နန်းမတော် ထိပ်စုဘုရားလတ်တို့ရဲ့ မြေးတော်၊ စတုတ္တသမီးတော် အရှင်ထိပ်စုမြတ်ဘုရားကလေးနဲ့ မြောက်သားတော် ကိုကိုနိုင် တို့ရဲ့ သမီးတော်ကြီးဖြစ်တဲ့ ထိပ်စုဖုရားကြီး(ခ) ဒေါ်စုစုခင်ဟာ ဒီကနေ့ ဒီဇင်ဘာလ ၃၁ရက် မနက်၎နာရီ၁၅မှာ ကံတော်ကုန်သွားပြီလို့ကုန်းဘောင်ဆက်ဆွေတော်မျိုးတော်များအသင်း ( အောက်မြန်မာပြည်)က သတင်းတစ်ရပ်ထုတ်ပြန်ပါတယ်။ ထိပ်တင်အောင်က “ဖွားမေ မနက်ကပဲ ကံတော်ကုန်သွားပါတယ်”လို့ ပြောပါတယ်။ အသက် ၉၉ နှစ်အရွယ် ဖွားမေဟာ ကျန်းမာရေးကောင်းမွန်သူတစ်ဦးဖြစ်ပြီး သက်တောင့်သက်သာနဲ့ ကံတော်ကုန်သွားတယ်လို့ သိရှိရပါတယ်… မြန်မာပြည်ရဲ့ ရှင်ဘုရင်မျိုးဆက်တစ်ယောက် ဆုံးရှုံးရပြန်ပြီ … Read more