ကရင်အချင်းချင်း မတိုက်လိုသော်လည်း စစ်ကောင်စီကို ဆက်ကူညီနေပါက ကရင်BGFကို တိုက်ခိုက်ရတော့မည်ဟု KNU တပ်မဟာ(၅)ထုတ်ပြန်
ကရင်အချင်းချင်း မတိုက်လိုသော်လည်း စစ်ကောင်စီကို ဆက်ကူညီနေပါက ကရင်BGFကို တိုက်ခိုက်ရတော့မည်ဟု KNU တပ်မဟာ(၅)ထုတ်ပြန် –People’s Spring ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF)တပ်များအနေဖြင့် လာမည့် ဇန်နဝါရီ ၁၅ရက်မှစ၍ စစ်ကောင်စီကို ပူးပေါင်းကူညီပံ့ပိုးခြင်းမပြုရန် ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောမူဟဲက လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပြီး ဆက်လက်ပံ့ပိုးနေပါက ကရင်အချင်းချင်း မတိုက်လိုသော်လည်း ကရင်BGFကို တိုက်ခိုက်ရတော့မည်ဟု ဖော်ပြထားသည်။ လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီတပ် လက်အောက်ခံ ကရင်BGFအနေဖြင့် စစ်ကောင်စီခိုင်းစေသည့်အတိုင်း လုပ်ဆောင်နေကြောင်း၊ ဇန်နဝါရီ ၁၅ရက်မှစ၍ ကရင်BGFတပ်များအနေဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်များအား လုံးဝ ပူးပေါင်းကူညီပံ့ပိုးခြင်းမပြုရန်၊ လမ်းလုံခြုံရေး၊ လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများ သယ်ယူပို့ဆောင်နေသည့် အာဏာသိမ်းစစ်ကောင်စီတပ်များအား ၀ိုင်းဝန်း ကူညီတာဝန်ယူပေးခြင်းများ မပြုလုပ်ရန် တပ်မဟာ (၅)က ထုတ်ပြန် သည်။ ကရင် BGF … Read more