နေ့စဉ် မီးပြတ်နေသော်လည်း မီးထပ်မံပြတ်နေဦးမှာဖြစ်တယ်လို့ လျှပ်စစ်ဝန်ကြီးဌာန ထုတ်ပြန် ( အခု မီးပြတ်နေလို့ တောင်းပန်ပါတယ်…. နောက်လည်း ထပ်ပြတ်အုံးမှာမို့ ကြိုပြီးတောင်းပန်ပါတယ်……)
နေ့စဉ် မီးပြတ်နေသော်လည်း မီးထပ်မံပြတ်နေဦးမှာဖြစ်တယ်လို့ လျှပ်စစ်ဝန်ကြီးဌာန ထုတ်ပြန် ( အခု မီးပြတ်နေလို့ တောင်းပန်ပါတယ်…. နောက်လည်း ထပ်ပြတ်အုံးမှာမို့ ကြိုပြီးတောင်းပန်ပါတယ်……) လျှပ်စစ်ဓာတ်အား (၉၇၀) မဂ္ဂါဝပ်ခန့် ဆက်လက်လျော့နည်းနေတာကြောင့် ဓာတ်အားသုံးစွဲမှု များပြားတဲ့အချိန်တွေမှာ မီးထပ်မံပြတ်နေဦးမှာ ဖြစ်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီလ ၉ ရက်နေ့က ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် ဓာတ်အားလိုင်းမှာ (၂)ကြိမ်မြောက် တာဝါတိုင်များ ထပ်မံဖျက်ဆီးခံခဲ့ရတာကြောင့် ဘီလူးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံမှ ထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အား (၂၂၀)မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်နိုင်ခြင်း မရှိဘဲ ဓာတ်အား ပြတ်တောက်လျက် ရှိတယ်လို့ ဆိုပါတယ်။ ယင်းအပြင် ဓာတ်ငွေ့ဈေးနှုန်း မြင့်တက်နေတာကြောင့် LNG ဓာတ်အားပေး စက်ရုံများရဲ့ ထုတ်လုပ်မှု (၇၅၀)မဂ္ဂါဝပ်ခန့်မှာ ရပ်တန့်ထားရခြင်းကြောင့် စုစုပေါင်း … Read more