ရှိတဲ့ နားကပ်ကို ချွတ်ရောင်းချပြီး သားဖြစ်သူ တူမီးသေနတ်ဝယ်ပေးခဲ့တဲ့ မိခင်
စစ်အာဏာရှင်ဆန့်ကျင်တဲ့ လယ်ကူလီမိခင်တစ်ယောက်ရဲ့ ခံယူချက် ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက စတင်ခဲ့တဲ့ အရေးတော်ပုံကြီးမှာ မျိုးဆက်သစ်လူငယ်တွေဟာ ဦးဆောင်ခဲ့တာဖြစ်ပြီး အာဏာရှင်ကို ရရာလက်နက်ဆွဲတော်လှန်နေကြတာ ဖြစ်ပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေကြောင့် တောထဲ လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းတွေ တက်ရောက်ပြီး ကိုယ်ကျိုးစွန့်ကာ ပြည်သူတွေအတွက် အကျိုးပြုလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တော်လှန်ရေးတိုက်ပွဲကြီး စတင်ခဲ့တဲ့ အချိန်ကတည်းက ယနေ့အချိန်ထိ လူငယ်တွေဟာ အရေးတော်ပုံကြီးအောင်မြင်ဖို့အတွက် အစွမ်းကုန်ကြိုးစားပါဝင်နေကြတာ ဖြစ်ပါတယ်။ ပြည်သူတွေ မျှော်လင့်စောင့်စားနေတဲ့ D Day နေ့ကို ကြေညာခဲ့ပြီးနောက် တိုက်ပွဲတွေ တစ်စတစ်စပြင်းထန်လာပြီး မြို့ပြဒေသတော်တော်များများမှာလည်း ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပွားနေတာ ဖြစ်ပါတယ်။ PDF ရဲဘော်တွေအနေနဲ့လည်း ပြည်သူတွေလှူဒါန်းပေးကြတဲ့ ရိက္ခာထောက်ပံ့မှုတွေနဲ့ ချို့ချို့တဲ့တဲ့စားသောက်နေကြရပြီး စစ်ရေးအတွက်ကြိုးစားပြင်ဆင်နေကြတာပါ။ ရဲဘော်တွေခမျာမှာလည်း ပြည်သူတွေထောက်ပံ့ပေးကြတဲ့ ရိက္ခာလေးတွေနဲ့ လောက်ငှအောင်စားနေကြရသလို စစ်ရေးအခြေအနေတွေအတွက်လည်း လက်နက်အပြည့်အစုံတပ်ဆင်နိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ PDF တွေအနေနဲ့လည်း … Read more
ကျောထောက်နောက်ခံမရှိ ခိုကိုးရာမဲ့ နေတဲ့ အဘိုးအဖွား အိမ်လေးထဲကို ဝင်ကြည့်လိုက်တဲ့အခါ
ညောင်ဦးမြို့နယ် ရွှေလှိုင်းကျေးရွာ မှကျောထောက်နောက်ခံမရှိ ၊ခိုကိုးရာမဲ့ နေတဲ့ အဘိုးအဘွားပါ။ ဆရာတော် ဦးတေဇဝံသ နှင့် ကျနော်တို့ စိတ်တူ ကိုယ်တူ ညီ ၊ အစ်ကို မောင်နှမများနှင့် အွန်လိုင်းမှ ကုသိုလ်ရှင် များရဲ့ စတုတ္ထအကြိမ်မြောက် လှူ ဒါန်းမဲ့ အဘိုး အဘွား ပါ။ ညောင်ဦးမြို့နယ် ရွှေလှိုင်းကျေးရွာ နှင့်ယာ ၄ ခင်းအကွာ တောထဲ မှာနေထိုင်ကြတဲ့ အဘိုး ဦးထက် + အဖွား ဒေါ်အေးရင်ပါ…..အိမ်လေးထဲ ဝင်ကြည့်တဲ့အခါမှာလည်းစောင် ၊ ဖျာက အစ လိုအပ်နေတာကိုမြင် တွေ့ခဲ့ရပါတယ် ။မြေကြီးပေါ် အိတ်လေးတွေ ခင်းပြီးထိုင်နေရတာကို မြင်ခဲ့ရပါတယ် … အိမ်ကလည်း လုံလုံခြုံခြုံ မရှိပါဘူးအိမ်သုံး ၊ အသုံးအဆောင် ပစ္စည်းလည်းသိပ်မမြင်ခဲ့ရပါဘူး အတော် … Read more
ကိုဗစ်ရောဂါပိုးကူးစက်ခံထားရတဲ့အပြင် နှလုံးခုန်တွေပါမြန်ပြီး မလှုင်ရှားနိုင်ဖြစ်နေတဲ့ သမီးဖြစ်သူရဲ့ကျန်းမာရေးအခြေအနေကိုပြောပြလာတဲ့ ချမ်းမြေ့မောင်ချိုရဲ့မိခင်
အဆိုတော် အိအိကတော့ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ တေးသံရှင်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်။ အိအိရဲ့သားနဲ့သမီးဖြစ်နဲ့ ချမ်းမြေ့မောင်ချိုနဲ့ သူရမောင်ချိုတို့ကလည်း အနုပညာလမ်းမမှာ ကိုယ်စီလျှောက်လှမ်းနေကြတာဖြစ်ပြီး အောင်မြင်မှုတွေအထိုက်အလျောက် ရရှိနေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အိအိက ကိုဗစ်ဖြစ်ပြီးတဲ့အပြင် နှလုံးခုန်တွေအရမ်းမြန်ပြီး မလှုပ်ရှားနိုင်ဖြစ်ခဲ့တဲ့ ချမ်းမြေ့မောင်ချိုရဲ့ကျန်းမာရေးအခြေအနေကိုပြောပြလာပါတယ်။အိအိက “ကျမသမီး. July 3rd wave မှာ ကိုဗစ်ဖြစ်လို့ ဆေးကုသလိုက်ရပါတယ်😔 Post covid နှလုံးအရမ်းခုန်ပြီး မလှုပ်နိုင်ဖြစ်လို့ ဆေးဆက်ကုရပါတယ်.😩 ပထမ Sinopharm ၂ ကြိမ်ထိုးပါတယ်။ ခု Covitshield ထိုးပါတယ်..👍🏽 ဆေးအရှိန်ကြောင့်လား ချွဲချင်လို့လားမသိ 🙄 အကိုက်အခဲပျောက်ဆေး တိုက်ပြီး ဆေးထိုးတဲ့နေရာ နာတယ်ဆိုလို့ ရေခဲအုံပေးရပါတယ်..အမယ်မင်း မောထာဟယ်🥴😁🥰” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။ချမ်းမြေ့မောင်ချိုကတော့ ကျန်းမာရေးမကောင်းတဲ့ အချိန် မေမေ့အနားမှာနေရင်း အချွဲပိုနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချမ်းမြေ့မောင်ချိုတစ်ယောက် အမြန်ဆုံးကျန်းမာစေဖို့ … Read more
အအေးလှိုင်း ဖြစ်စဉ် တဖြည်း ဖြည်း အားကောင်းလာ၊ ဆောင်းတွင်း အအေး ပိုမည်
အအေးလှိုင်း ဖြစ်စဉ် တဖြည်း ဖြည်း အားကောင်းလာ၊ ဆောင်းတွင်း အအေး ပိုမည် ပစိဖိတ်သမုဒ္ဒရာ ရဲ့ လေထု အညွန်းကိန်းနဲ့ ပင်လယ်ရေ မျက်နှာပြင်က ပုံမှန်ထက်ကျော်လွန်ပြီး ပိုအေးလာလို့ မြန်မာနိုင်ငံရဲ့ ဆောင်းရာသီအတွင်း အအေးဓာတ် ပိုလာနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။ “လာနီညာရဲ့ သဘောသဘာဝက အေးမြပြီးတော့ စိုစွတ်တဲ့ သဘော ရှိတယ်ပေါ့နော်၊ အဲ့ဒီတော့ လာမယ့်ဆောင်းရာသီမှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အအေးသက်ရောက်မှုတွေ ရှိနိုင်တယ်။ တချို့ဒေသတွေမှာတော့ ပုံမှန်အပူချိန်လောက်မှာပဲရှိပြီး တချို့ဒေသတွေမှာတော့ ပုံမှန်ထက် ပိုအေးနိုင်တာလည်း ရှိပါတယ်။” လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ ဒါ့အပြင် လာနီညာဖြစ်စဉ်ကို ဖိလစ်ပိုင်နဲ့ သြစတြေးလျနိုင်ငံတို့ပဲ တိုက်ရိုက်ထိတွေ့မှုရှိပြီး မြန်မာနိုင်ငံက တိုက်ရိုက်ထိတွေ့နိုင်တာမရှိတဲ့အတွက် ထူးထူးခြားခြားထိခိုက်နိုင်တာတော့ မရှိဘူးလို့ ဆိုပါတယ်။ … Read more
ရန်ကုန်သိမ်ကြီးဈေးကို အောက်ချင်းငှက်အုပ်ကြီး လာနားတဲ့ဖြစ်ရပ် (အတိတ်ကောင်း၊ နိမိတ်ကောင်းလား?)
ရန်ကုန်သိမ်ကြီးဈေးကို အောက်ချင်းငှက်အုပ်ကြီး လာနားတဲ့ဖြစ်ရပ် (အတိတ်ကောင်း၊ နိမိတ်ကောင်းလား) အောက်ချင်းငှက်ဆိုတာ မြန်မာပြည်ရဲ့ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာသာ နေထိုင်ကျက်စားတဲ့ ငှက်မျိုးဖြစ်ပါတယ်။ အဓိကအားဖြင့် ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာပဲ အဓိကမြင်တွေ့ရတဲ့ ငှက်အမျိုးအစားဖြစ်ပါတယ်။ ဒါပေမယ့်ယနေ့မှာတော့ ထူးထူးခြားခြားရန်ကုန်မြို့လယ်ခေါင် သိမ်ကြီးဈေးခေါင်မိုးပေါ်မှာ အောက်ချင်းငှက်အုပ်လိုက်ကို တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ တချို့ကလည်းဆောင်းခိုတဲ့အနေနဲ့ အေးမြတဲ့ဒေသကနေ ရန်ကုန်မြို့ကိုလာတာလို့ပြောပေမယ့် အောက်ချင်းငှက်ဟာဆောင်းခိုတဲ့ ငှက်အမျိုးအစားမဟုတ်ပါဘူး။ ပြီးတော့အောက်ချင်းငှက်သဘာဝအရ ယခုလိုဇန်နဝါရီလဆိုတာ သစ်ပင်အမြင့်တွေရဲ့ထိပ်ဖျားမှာ အသိုက်လုပ်ပြီးဥဝပ်နေတဲ့ အချိန် ဖြစ်ပါတယ်။ အဲဒါကြောင့်ရန်ကုန်မြို့ သိမ်ကြီးဈေးအပေါ်မှာ အောက်ချင်းငှက်တွေရောက်နေတာဟာ ထူးခြားတဲ့ အတိတ်နိမိတ်လို့ပဲ ယူဆသုံးသပ်နိုင်တယ်လို့ နိမိတ်ပညာရှင်များက ခန့်မှန်းကြပါတယ်။ အတိတ်နိမိတ်ပြခြင်းဆိုတာ မြန်မာလူ့အဖွဲ့အစည်းမှာ ရှေးကတည်းကတည်ရှိခဲ့ပြီး အယူတော်မင်္ဂလာဦးနိုးတို့လို နိမိတ်ကောက်ပညာရှင်တွေ အများအပြားပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း မြန်မာပြည်မှာ အတိတ်နိမိတ်နဲ့တဘောင်များ အများအပြားပေါ်ထွက်နေပြီး “နဂါးတပ်မင်းပြည်တော်ဆင်းမှ မိစ္ဆာမင်းဆက်ပျက်လိမ့်မယ်” ဆိုတဲ့တဘောင်ကလည်း ကျယ်ကျယ်ပြန့်ပြန့် … Read more
သမိုင်းတစ်လျှောက် မြန်မာနိုင်ငံရဲ့ သမ္မတများအကြောင်း သိကောင်းစရာ
သမိုင်းတစ်လျှောက် မြန်မာ့သမ္မတများအကြောင်း သိကောင်းစရာ ၁။စဝ်ရွှေသိုက်သည် ရှမ်းလူမျိုးတစ်ဦးဖြစ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတနှင့် ရှမ်းပြည်နယ်၊ ညောင်ရွှေ၏ နောက်ဆုံးစော်ဘွား (သို့မဟုတ်) မျိုးရိုးအရ မင်းသားဖြစ်သည်။ စဝ်ရွှေသိုက်သည် မြန်မာနိုင်ငံ ဇန်နဝါရီလ လွတ်လပ်ရေးရရှိသည့်နေ့မှ စတင်၍ တိုင်းပြည်တာဝန်ကို ဝန်ကြီးချုပ်ဦးနုနှင့်အတူ ဦးဆောင်ထမ်းရွက်ခဲ့သည်။ သမ္မတမဖြစ်မီက စဝ်ရွှေသိုက်သည် ဗြိတိသျှစစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းက စစ်တပ်အာဏာသိမ်းသည့်အခါ ရှမ်းမင်းသားမှာ ဖမ်းဆီးချုပ်နှောင်ခံရသည်။ သူသည် နောက်ပိုင်းတွင် အကျဉ်းစံဘဝဖြင့် ကွယ်လွန်ခဲ့သည်။ ၂။ ဒေါက်တာဘဦး(၁၈၈၇-၁၉၆၃) ဒေါက်တာဘဦးသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဒုတိယမြောက်သမ္မတနှင့် ဗမာလူမျိုးဖြစ်သည်။ ၁၉၃၁ခုနှစ်တွင် စစ်ဆေးရေး အထူး ခုံရုံးအဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရပြီး ၁၉၃၂ခုနှစ်၊ ဧပြီလအထိ၊ အင်းစိန် ပြည်၊ သရက် ခရိုင်များ၏ စက်ရှင်တရားသူကြီး နှင့် အထူး … Read more
စစ်ကောင်စီအရမ်းကြောက်ရွံ့နေသောSilent Strike အတွက် ဆိုင်ပိုင်ရှင်များသို့ မပန်ဆယ်လို၏ အကြံပြုချက်
စစ်ကောင်စီအရမ်းကြောက်ရွံ့နေသောSilent Strike အတွက် ဆိုင်ပိုင်ရှင်များသို့ မပန်ဆယ်လို၏ အကြံပြုချက် စစ်ခွေးတွေဘက်က Feb ၁ ရက်နေ့ Silent Strike ကို ဇွတ်အတင်းလိုက်ဖိအားပေးနေတယ်။ ဒါဟာ သူတို့ဘက်က Silent Strike ကို သိပ်ကြောက်ရွံ့နေတဲ့ သဘောပဲ။ ကိုယ်တွေဘက်က အောင်မြင်အောင် ကြိုးစားကြရလိမ့်မယ်။ ဆိုင်ပိတ်မယ်လို့ ကြေညာတဲ့ဆိုင်တွေကို လိုက်ဖမ်းနေတယ်။ အဲ့တော့ မကြေညာပါနဲ့။ အဲ့နေ့မှ ပိတ်ပါ။ ဒါမှမဟုတ် အဖွင့်ပြထားပါ။ အကယ်၍မှ ဆိုင်ရှင်တွေအနေနဲ့ ပိတ်မှာကို ဖိအားပေးခံနေရတယ်ဆိုရင် ဝယ်သူတွေဘက်က ပိုအားစိုက်ပေးကြပါ။ အဲ့နေ့ ဈေးမဝယ်ဘူးလို့ ကြိုတင်တွေးထားပါ၊ ကြိုဝယ်ထားပါ။ အဲ့နေ့ ဈေးမဝယ်ပါနဲ့။ ဈေးမဝယ်လို့ ဖမ်းမယ်လုပ်လို့ မရပါဘူး။ အပြင်မထွက်လို့ ဖမ်းမယ်လုပ်လို့မရပါဘူး။ ဆိုင်ရှင်တွေ၊ လုပ်ငန်းရှင်တွေအနေနဲ့ ဝန်ထမ်းတွေကို ခွင့်တစ်ရက်ပေးပါ။ တရုပ်နှစ်သစ်ကူးအနေနဲ့ … Read more
ဒီနေ့မနက်ခင်းမှာ ရန်ကုန်တစ်မြို့လုံး နီးပါး ဖြစ်သွားတာပါ……seemore
ဒီနေ့မနက်ခင်းမှာ ရန်ကုန်တစ်မြို့လုံး နီးပါး ဖြစ်သွားတာပါ……seemore ဒီနေ့တစ်မနက်ထဲနဲ့တင် ရန်ကုန်တစ်မြို့လုံးတဲ့ ရ က် စ က်တယ် ရန်ကုန်၊ ရွှေပြည်သာ၊ သာကေတ၊ သမိုင်းလမ်းဆုံ၊ တောင်ဥက္ကလာပ၊ စမ်းချောင်းမြို့နယ်တို့တွင် ယနေ့ နံနက်ပိုင်းတွင် ဗုံးများပေါ က် ကွဲပြီး တာမွေအနီး CCTV BOX မီးရှို့ခံရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ၊ တာမွေဈေးအနီးက CCTV BOXကို ယနေ့ နံနက်အစောင်ပိုင်းတွင်ာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း YPDF-Bahanနှင့် Anonymous Force ပူးပေါင်းက သတင်းထုတ်ပြန်သည်။ အလားတူ ရန်ကုန်တိုင်းရွေပြည်သာမြို့နယ် မော်တော်ပီကေအထိုင်ရုံး အတွင်း ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် … Read more
သင့်အစာအိမ်က ဒီလက္ခဏာတွေပြနေလိမ့်မယ် သတိထားပါ…
မကြာခနလေအောင့်နေသည့်မိတ်ဆွေတစ်ဦးသည်.. ရောင်းတန်းအစာအိမ်ဆေးများကိုဝယ်ယူသုံးစွဲနေရာမှ..တလောကစင်္ကာပူနိုင်ငံတွင်အလုပ်လုပ်နေသော သမီးထံသွားရောက်လည်ပတ်ရင်း စစ်ဆေးလိုက်သည့်အခါ အစာအိမ်ကင်ဆာဟုသိရသည်။ အစာအိမ်နာသည်ဆေးကုမှားလျှင်အသက်ဆုံးနိုင်သောရောဂါမျိုးဖြစ်သည်။ အစာအိမ်ရောဂါသည် ကုသရခက်ခဲသော နာတာရှည်ရောဂါမျိုးတွင် ပါဝင်သည်။ အစားအသောက် ကို ဂရုမစိုက်နိုင်ဘဲ အပြေးအလွှား အလုပ်သွားရသည့် သင်တန်းသွားရသည့် သူများတွင် အဖြစ်များသည်။ စားချိန်သောက်ချိန် မမှန်ခြင်းကြောင့် အစာအိမ်ရောဂါဖြစ်ရသည်။ ထို့ကြောင့် ခေတ်နှင့်အမီ လိုက်နေသော မြို့ကြီးပြကြီးတွင် နေထိုင်သော သူများတွင် အစာအိမ်ရောဂါ အဖြစ်များသည်။ ရှေးအာယုဗေဒ ဆေးကျမ်းများအလိုအရ “ရောဂါမှန်သမျှ အစာမကြေခြင်းက စသည်” ဟု ဆို သည်။ ပါဠိဘာသာအားဖြင့်လည်း “ရောဂါမူလံ အာဇိဏ္ဏကံ” ဟုဆိုသည်။ အစာမကြေရောဂါ ဖြစ်ပြီးလျှင် ပေါ့ပေါ့ဆဆနေပါက အမှိုက်ကစ ပြဿဒ်မီးလောင် ဖြစ်ကာ ရောဂါကြီးများ ဝင်လာတတ်သည်။ စားချိန်မမှန်သဖြင့် အစာမကြေ၊ အစာမကြေရာမှ လေပွ၊ လေပွရာမှ အစာမကြေ၊ … Read more
သူမရဲ့(၃၈)နှစ်ပြည့်မွေးနေ့လေးမှာ အမှတ်တရဖြစ်ရအောင် သားငယ်လေးရဲ့နာမည်ပေးကင်ပွန်းတက်ပါ ပြုလုပ်ခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်