ငှက်ပျောခြံမှာဆေးဖြန်းတဲ့သူက နာကျင်ခြင်းမရှိဘဲ သွားတွေ အကုန်ကျွတ်ထွက်သွားတာ ဆေးခန်းရောက်လာလို့ စမ်းသပ်စစ်ဆေးကြည့်လိုက်တဲ့အခါ
ငှက်ပျောခြံမှာဆေးဖြန်းတဲ့သူကနာကျင်ခြင်းမရှိဘဲ အံသွားတွေ အကုန်ကျွတ်ထွက်သွားလို့ ဆေးခန်းရောက်လာ ဆေးဘယ်လောက်ပျင်းလဲစဉ်းစားကြည့် ကြောက်စရာကောင်းလိုက်တာ မနှစ်က ဒီလိုအချိန် ကျွန်တော့်ဆီ ထူးဆန်းတဲ့ လူနာတစ်ယောက်ရောက် လာခဲ့တယ်။ နေပူထဲကနေ ပြာရီပြာယာဆေးခန်းထဲဝင်လာပြီး “သွားဖုံးတွေပုပ်နေလို့ ဘာဆေးသောက်ရမလည်းဆရာ” ဆိုပြီးဝင်လာတယ်။ဟုတ်ကဲ့ ခုံပေါ်ထိုင်ပါဦး တစ်ချက်ကြည့်ရအောင် ဆိုပြီး ခုံပေါ်တင်ပြီးစမ်းသပ်စစ်ဆေးကြည့်လိုက်တော့ တော်တော် အံ့သြာ်သွားတယ်။ သွားတွေအကုန်လုံးနီးပါး Mobility Grade (3) အံသွားတွေဆို ရှိတောင်မရှိတော့ဘူး။ အရင်ဆုံးအသက်ကိုမေးကြည့်တော့ (၄၀) တောင်မပြည့်သေးဘူးတဲ့ သွားတွေ ပေါ်မှာ Calculus (သွားကျောက်)တွေရှိတယ်ဆိုပေမယ့် သွားတွေအကုန်လုံးယိုင်နဲ့နေလောက်အောင်လည်းမဆိုးဘူး။ ဘာဆေးတွေသောက်လဲ ဘာရောဂါအခံရှိလဲ မေးမလို့ စဉ်းစားတုန်း ရှိသေးတယ်လူနာကသူ့ရဲ့ အလုပ်အကိုင် အကြောင်းပြောလာတယ်။ တရုတ်ငှက်ပျောခြံမှာ ဆေးဖြန်းတဲ့အလုပ်လုပ်တာတဲ့။ အံသွားတွေလည်း မကြာသေးမှီက သူ့ဟာသူ လုံးဝနာကျင်ခြင်းမရှိပဲနဲ့ ကျွတ်ထွက်ကုန်တာပါတဲ့ဗျာ။ ခြေထောက်တွေမှာလည်း ဓာတ်မတည့် လို့ ဖြစ်တဲ့ … Read more